တကယ်လို့ တစ်သက်လုံး FA ဖြစ်သွားခဲ့ရင်..
ငါလေးမှာ ကိုယ်ပိုင်အိမ်လေးတစ်လုံးနဲ့ ကားလေးတစ်စီးရှိမယ်..
မနက်၅နာရီအိပ်ရာကထပြီး ကန်တော်ကြီးတစ်ပတ်ပြေးမယ်..
ပြန်လာရင် အလုပ်သွားဖို့ပြင်ဆင်မယ်..
တစ်ရက်လုံးအလုပ်လုပ်ပြီး ပြန်လာရင် ဈေးဝယ်ထွက်ပြီး ချက်ပြုတ်စားသောက်မယ်.. ညစာမစားခင် အိမ်မှာ အဆင်သင့်ဝယ်ထားတဲ့ ပုလင်းလေးတွေထဲက တစ်ခွက်နှစ်ခွက်လောက် သောက်မယ်.. ကိုယ့်ဟာကိုယ် လျှော်ဖွပ် ရေမိုးချိုးပြီး ညစာစားမယ်.. ကော်ဖီတစ်ခွက်နဲ့ စာအုပ်ဖတ်မယ်.. မဟုတ်ရင် ကိုယ်ပိုက်ဆံစုပြီး ဆင်ထားတဲ့ home theatre အသေးစားလေးမှာ ရုပ်ရှင်ကြည့်မယ်.. မနက်ဖြန် အလုပ်ကို ထမင်းချိုင့်ထည့်သွားဖို့အတွက် ပြင်ဆင်မယ်.. တရားလေး ၁နာရီလောက်ထိုင်ပြီး အိပ်ရာဝင်မယ်..
သောကြာနေ့ညမျိုးဆို သူငယ်ချင်းတွေနဲ့ချိန်းပြီး night out မယ်.. အိမ်ကို နောက်ကျပြီးမှ ပြန်ဖြစ်ရင်လည်း ပြန်ဖြစ်မယ်.. အားလပ်ရက်တွေမှာ ကိုယ်လုပ်ချင်တာလေးတွေလုပ်မယ်.. မိဘအိမ်ကို ပြန်ဖြစ်ရင်လည်း ပြန်ဖြစ်မယ်.. သူငယ်ချင်းတွေနဲ့ မုန့်လုပ်စားဖြစ်ချင်ဖြစ်လိမ့်မယ်.. ကိုယ်ရဲ့ ရှေ့ဆက်မယ့် further study အတွက် သို့မဟုတ် ကိုယ့်အလုပ်မှာ အထောက်အကူပြုနိုင်မယ့် အကြောင်းအရာတစ်ခုခု self-study လုပ်မယ်.. အိမ်အတွက်လိုအပ်တာလေးတွေဝယ်မယ်.. သူငယ်ချင်းတွေနဲ့ မိသားစုတွေကို အချိန်ပေးမယ်.. သူတို့အိမ်ထောင်တွေနဲ့ ဖြစ်လာတဲ့အချိန် အခက်အခဲတွေကို ရင်ဖွင့်လာရင် နားထောင်ပေးမယ်.. ကူညီနိုင်တာကို ကူညီမယ်.. လတိုင်း ကိုယ်တတ်နိုင်သလောက် စာအုပ်ကောင်းလေးတွေဝယ်ပြီး လိုအပ်တဲ့နေရာတွေမှာ လှူမယ်.. မိဘကို တတ်နိုင်သလောက်စောင့်ရှောက်ပြီး အေးအေးချမ်းချမ်းလေး နေသွားချင်တယ်..